ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏ ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိသည်။
၄-၇-၂၀၂၅ ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၆၅၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၆၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၁၀၀၀ဝ ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၅၀၀ဝ ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၀၀၀ဝ ကျပ်နှင့် ဖွဲနု တစ်အိတ် ၁၅၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ၁၁-၇-၂၀၂၅ ရက်နေ့တွင် ဧည့်မ ထဆန် (မနောသုခ)(ဟောင်း)တစ်အိတ် ၇၀၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၆၀၀၀ဝ ကျပ် ၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၀၀၀၀ဝ ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၈၀၀ဝ ကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၂၀၀ဝ ကျပ်နှင့် ဖွဲနုတစ်အိတ် ၁၇၁၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ) (ဟောင်း) တစ်အိတ် ၅၀၀၀ ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၃၀၀၀ ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၂၀၀၀ ကျပ်နှင့် ဖွဲနု တစ်အိတ် ၂၁၀၀ ကျပ်ဖြင့် ဈေးများမြင့်တက်၍ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၀၀၀၀ ကျပ် ဈေးကျ ကာ ဧည့်မထဆန် (မနေသုခ)သစ်ဈေး တည်ငြိမ်လျက်ရှိသည်။ ဧည့်မထဆန်(မနောသုခ) (ဟောင်း)၊ ဆန်ကွဲB(1,2)၊ ဆန်ကွဲB(2,3,4)နှင့် ဖွဲနုဈေးများ မြင့်တက်သွားခြင်းမှာ ကုန်ကြမ်းနည်း ပြီး ဝယ်လိုအားများခြင်းကြောင့် ဈေးမြင့်တက်သွားခြင်း၊ ပေါ်ဆန်မွှေးဆန်ဈေးကျဆင်းသွားခြင်းမှာ ကုန်ကြမ်းများပြီး ဝယ်လိုအားနည်း ခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး